နုတ်ဆက်သီချင်း
တေးရေး ၊ တေးဆို - မုံပီး (ကိုယ်ပိုင်သံစဉ်)
V1: ရာသီတွေဟာရေစီးသလို
အချိန်ဟာကုန်လွယ်မြန်ဆန်လွန်းတယ်
ခင်မင်ကြင်နာသံစဉ်လေးများရေးဖွဲ့ချိန်
V2: အချိန်တွေမကြာခင်ပြန်ကာခွဲမယ်
ဌာနေကိုယ်စီကိုယ်ပြန်ရမယ်
အရင်လိုအချိန်တွေမြင်ယောင်ရင်းနဲ့ ငိုချင်ပြီ
Cho: အတူတူသီချင်းဆိုချိန်လေးတွေ
အတူတူစာသင်ချိန်လေးများ
ရင်မှာမေ့ပျောက်မရနိုင်တော့မယ့် နေ့ရက်များ
အနေတွေဝေးလို့အနေဝေးလဲ
တကယ်ပါယုံပါ ကိုယ်မမေ့ဘူး
ဘယ်နေရာမဆိုတွေ့ခိုက်နုတ်ဆက်နော်
သူငယ်ချင်း .....
V3: အဖြူရောင်စင်ကြယ်သံဇောစဉ်
အတူတူအခိုင်အမာ ချည်နှောင်ရင်း
ကြည်လင်သာယာတဲ့အပြုံးလေးတွေ
ဖလှယ်ကြတယ်
No comments:
Post a Comment