အုံ့ပုန်း
တေးရေး - မုံပီး
V1: ဆုံလာရင်ဒီမျက်လုံးတွေ
ရင်ထဲနွေးထွေးကြည်နူးစေတယ်
ဘယ်လိုလဲ သူ့သဘောရယ်
မျက်ဝန်းအကြည့်နဲ့ပဲ ဆုံးမှာလား
ရင်ခုန်ခြင်းများပေးစွမ်းသူ
အကြည့်လေးတစ်ချက်မှာကြွေနေပြီ
ကိုကိုရယ် ဒီမျက်ဝန်းတွေ
မသိဘူးလား ....
Cho: ဘယ်လိုလူကြီးလဲ
အထာတွေပေးလဲမသိနိုင်ပါ
ဒီမှာမိန်းခလေး ဘ၀မို့ပါ
နေရာချင်းပဲ လဲလိုက်ချင်
မြင်နေပါတယ်မျက်ဝန်းမှာ
သိုဝှက်ထားတဲ့အချစ်တွေကို
အချိန်တွေဆွဲမထားပဲ
ဖွင့်ပြောပေါ့ ကိုကိုရယ်.........
V2: ဟန်ဆောင်ကာမနေနဲ့တော့
ဖြတ်သန်းမယ့်ဘ၀ရှိသေးတယ်
အချိန်တွေမလွန်ခင်အမြန်ဆုံးဖြတ်
ဒီအတိုင်းပဲနုတ်ဆိတ်မှာလား
ချိုသာအပြုံးနဲ့ဖမ်းစားသူ
အကြည့်လေးတစ်ချက်မှာ ကြွေနေပြီ
ကိုကိုရယ်ဒီမျက်ဝန်းတွေ
မသိဘူးလား .......
No comments:
Post a Comment