Thursday, July 19, 2012
အုံ့ပုန်း
တေးရေး - မုံပီး
V1: ဆုံလာရင်ဒီမျက်လုံးတွေ
ရင်ထဲနွေးထွေးကြည်နူးစေတယ်
ဘယ်လိုလဲ သူ့သဘောရယ်
မျက်ဝန်းအကြည့်နဲ့ပဲ ဆုံးမှာလား
ရင်ခုန်ခြင်းများပေးစွမ်းသူ
အကြည့်လေးတစ်ချက်မှာကြွေနေပြီ
ကိုကိုရယ် ဒီမျက်ဝန်းတွေ
မသိဘူးလား ....
Cho: ဘယ်လိုလူကြီးလဲ
အထာတွေပေးလဲမသိနိုင်ပါ
ဒီမှာမိန်းခလေး ဘ၀မို့ပါ
နေရာချင်းပဲ လဲလိုက်ချင်
မြင်နေပါတယ်မျက်ဝန်းမှာ
သိုဝှက်ထားတဲ့အချစ်တွေကို
အချိန်တွေဆွဲမထားပဲ
ဖွင့်ပြောပေါ့ ကိုကိုရယ်.........
V2: ဟန်ဆောင်ကာမနေနဲ့တော့
ဖြတ်သန်းမယ့်ဘ၀ရှိသေးတယ်
အချိန်တွေမလွန်ခင်အမြန်ဆုံးဖြတ်
ဒီအတိုင်းပဲနုတ်ဆိတ်မှာလား
ချိုသာအပြုံးနဲ့ဖမ်းစားသူ
အကြည့်လေးတစ်ချက်မှာ ကြွေနေပြီ
ကိုကိုရယ်ဒီမျက်ဝန်းတွေ
မသိဘူးလား .......
Wednesday, July 18, 2012
နုတ်ဆက်သီချင်း
တေးရေး ၊ တေးဆို - မုံပီး (ကိုယ်ပိုင်သံစဉ်)
V1: ရာသီတွေဟာရေစီးသလို
အချိန်ဟာကုန်လွယ်မြန်ဆန်လွန်းတယ်
ခင်မင်ကြင်နာသံစဉ်လေးများရေးဖွဲ့ချိန်
V2: အချိန်တွေမကြာခင်ပြန်ကာခွဲမယ်
ဌာနေကိုယ်စီကိုယ်ပြန်ရမယ်
အရင်လိုအချိန်တွေမြင်ယောင်ရင်းနဲ့ ငိုချင်ပြီ
Cho: အတူတူသီချင်းဆိုချိန်လေးတွေ
အတူတူစာသင်ချိန်လေးများ
ရင်မှာမေ့ပျောက်မရနိုင်တော့မယ့် နေ့ရက်များ
အနေတွေဝေးလို့အနေဝေးလဲ
တကယ်ပါယုံပါ ကိုယ်မမေ့ဘူး
ဘယ်နေရာမဆိုတွေ့ခိုက်နုတ်ဆက်နော်
သူငယ်ချင်း .....
V3: အဖြူရောင်စင်ကြယ်သံဇောစဉ်
အတူတူအခိုင်အမာ ချည်နှောင်ရင်း
ကြည်လင်သာယာတဲ့အပြုံးလေးတွေ
ဖလှယ်ကြတယ်
Tuesday, July 17, 2012
Subscribe to:
Posts (Atom)