Computer technology


ကူးတာ မြန်ဖို့

ဖိုင်တွေကို Copy ကူးတဲ့နေရာမှာ အထိုက်အလျောက် မြန်တဲ့ ဆော့ဝဲလ်ဖြစ်သည့် Tera Copy ကို သုံးခြင်းဖြင့် စက်မလေးဘဲ ကောင်းမွန်နေသော စက်များပင်လျှင် ၎င်းဆော့ဝဲလ်ဖြင့် Copy ကူးပါက ပိုမြန်ဆန်ကြောင်း၊ သုံးနည်းအနေဖြင့် အကျယ့်တ၀င့် ပြောစရာ မလိုပါ၊ Install လုပ်ပြီးပါက Copy ကူးသည့်အခါတိုင်း ၎င်းဖြင့်သာ ကူးသွားရုံသာ ဖြစ်ပါသည်။


Mouse မရှိသည့်အခါ


မိမိကွန်ပျူတာမှာ mouse ပျက်သွားလို့ဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် မောက်သုံးမှ ရမယ့် ကိစ္စတွေမှာ မောက်အခက်အခဲဖြစ်နေရင် အောက်ပါဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။ အောက်ပါ +အဆင့်လေးတွေအတိုင်း လုပ်ကြည့်ပါ။

၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တပြိုင်နက် နှိပ်ပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင်
Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲ ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေးခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။
Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။
နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်ရုံပါပဲ။



ဒေါင်းလော့မန်နေဂျာ အခက်အခဲဖြစ်နေသူများအတွက်

ဒေါင်းလော့မန်နေဂျာ အခက်အခဲဖြစ်နေတဲ့သူတွေအတွက်ရည်ရွယ်ပါတယ် ။သိပြီးသား သူတွေလဲ အများကြီးရှိမှာပါ ဒါပေမယ့် မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး ရေးသားတာပါ ။ ဒီဒေါင်းလော့မန်နေဂျာလေးက ၁လခံ ၂လခံ မဟုတ်ပါဘူး
မိမိကွန်ပြုတာကို ၀င်းဒိုး အသစ်မတင်မချင်း သုံးလို့ ရပါတယ် ၁နှစ်ပဲသုံးသုံး ၂နှစ်ပဲသုံးသုံး သုံးလို့ ရပါတယ် ။
Version လေးကတော့ အဟောင်းလေးပါ ဒါပေမယ့် ဒီကောင်လေးက အရမ်းကို အသုံးဝင်ပါတယ် download manager update တောင်းတဲ့အခါ update ကို သွားမပေးပါနဲ့ ဒီအတိုင်းလေးပဲသုံးပါ။ ဒီဒေါင်းလော့မန်နေဂျာလေးကို သုံးမယ့်သူ
များက အရင်က run ထားတဲ့ ဒေါင်းလော့မန်နေဂျာကို ပြန်ဖြုတ်လိုက်ပါ ။Control Panel ထဲမှာ ဖြုတ်ပြီးပြီ ဆိုရင်
Run box မှာ regedit ရိုက်ထည့်လိုက်ပါ ပြီးရင် ဘောက်တခုပေါ်လာပါလိမ့်

HEKY_CURRENT_USER ရယ် HKEY_LOCAL_MACHINE  ၂ခုစလုံးကို ပုံမှာ အ၀ါရောင်လေးနဲ့ ခြယ်ထားတဲ့ အတိုင်း အဆင့်အဆင့်သွားလိုက်ပါ နောက်ဆုံး ဒေါင်းလော့မန်နေဂျာကိုတွေ့ ပြီဆိုရင် right click ထောက်ပြီးတော့
ိdelete လုပ်လိုက်ပါ ။ဘာလို့ အဲ့လို ၀င်ဖျက်ခိုင်းလဲ ဆိုရင် ဆော့ဝဲလ် တွေက တခုနဲ့ တခု version မတူတဲ့ အခါကျတော့ run လိုက်တဲ့အခါ ကိုယ်မသိတဲ့ အစိတ်အပိုင်းလေးတွေက HEKY_CURRENT_USER ရယ် HKEY_LOCAL_MACHINEအဲ့ဒီအထဲမှာ ကျန်တတ်ပါတယ် ကျန်နေတဲ့အခါကျရင် error ဖြစ်တတ်လို့ ပါ  အဲ့ဒါကြောင့် အဲ့ဒီအထဲ ထိပါ ၀င်ဖျက်ခိုင်းတာပါ ဘယ်ဆော့ဝဲလ်ကိုလဲ run run အဲ့ဒီ ၂ခုစလုံးထဲကိုပါသွားပြီးတော့
delete သွားလုပ်ပေးလိုက်ရင် အကောင်းဆုံးဖြစ်မှာပါ ကျွန်တော်လဲ အဲ့လိုမျိုးပဲလုပ်တာ ။ဖျက်ပြီးသွားရင်တော့ (C)
ထဲကို သွားပြီးတော့ delete ထပ်လုပ်လိုက်ပါအုံး အကုန်လုံး ဖျက်ပြီးသွားပြီဆိုရင်တော့ restart ချချင်ရင်လဲ ချလိုက်ပါ မချချင်ရင်လဲ ရပါတယ် အခုကျွန်တော် တင်ပေးထားတဲ့ ဒေါင်းလော့မန်နေဂျာလေးကို ဒေါင်းပြီးတော့
ဖိုင်ကို ဖြေ လိုက်ပါ WinRAR နဲ့ ချုပ်ထားတာပါ ဖိုင်ကိုဖြေပြီးသွားပြီဆိုရင်တော့ ဒေါင်းလော့မန်နေဂျာလေးကို run
လိုက်ပါ ပြီးရင် patch ဖိုင်လေးကို copy ကူးပြီးတော့ (C) ထဲက ဒေါင်းလော့မန်နေဂျာထဲမှာ paste လုပ်ပြီး
copy and replace ပေးလိုက်ပါ ပြီးရင် run လိုက်ပါ run တဲ့အခါမှာ patch ဆိုတာလေးကို ပေးလိုက်ပါ
ဒီအဆင့်ထိလုပ်ပြီးသွားပြီဆိုရင်တော့ google မှာ add ဖို့ အတွက် ဒီကိုသွားလိုက်ပါ firefox 4.0 နဲ့ ဆို ပိုပြီးအဆင်ပြေပါတယ် ကျွန်တော်ပေးထားတဲ့ link ကိုသွားပြီးပြီ ဆိုရင် အောက်ဆုံးနားမှာ Install ဆိုတာ ရှိတယ်
အဲ့ဒါလေးကို ကလစ်ပေးလိုက်ပါ ပြီးရင် ဘယ်ဘက်အပေါ်နားလေးမှာ Allow ဆိုပြီးတက်လာပါလိမ့်မယ် ပြီးရင်
Install now ဆိုပြီးတော့ box လေး တခု ထပ်ပေါ်လာပါလိမ့်မယ် အဲ့ဒါလေးကို ကလစ်ပြီးရင် restart ဆိုပြီးတောင်း
ပါလိမ့်မယ် firefox ကိုပဲ restart ချတာပါ အဲ့ဒါ ပြီးရင်တော့ အားလုံး အဆင်ပြေသွားပါပြီ YouTube မှာဖြစ်ဖြစ် သီချင်း ၁ပုဒ်လောက်ကို အစမ်းသွား ဒေါင်းကြည့်လိုက်ပါ ။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ။
idm ဒေါင်းရန်                                                                  posted by no name

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ:
http://www.shwemyotaw.com/forum/topic/show?id=5442636%3ATopic%3A4189304&xgs=1&xg_source=msg_share_topic#ixzz1sYL54omU

♣♣Memory Stick မှ Virus ကွန်ပြူတာသို့ မ၀င်အောင်♣♣

Virus အများစုရဲ့File Extensions တွေက.exe .vbs .inf(autorun file) .com .bat .cmd တို့ဖြစ်ပါတယ်။
ဒီ File တွေ ဟာ Memory Stick မှာhidden လုပ်ထားတယ်။
ဒါမှမဟုတ် ပုံစံတူFolder လုပ်ပြီး Exe File လုပ်ထားမယ်။
ဒီFile တွေကို Run လိုက်ရင်တော့…. Virus ၀င်သွားပြီပေါ့ ဒီတော့ ဒီ File တွေကို မ Run အောင်လုပ်ထားလို့ရပါတယ်။
လုပ်ရမှာကStart>Run> secpol.msc လို့ရိုက်ပြီး Enter နိပ်ပါ။
Local security Settings ပေါ်လာပါပြီ။
Software Restriction ကို Right Click နိပ်ပြီး Create New Policies ကိုနိပ်ပါ။
Additional Rules မှာတစ်ချက်နိပ်ပါ။ ညာဘက်အကွက်မှာ Right Click > New Path Rule ကိုရွေးပါ။
Path နေရာမှာ ကိုယ့် Memery Stick ရဲ့ Drive Letter ကိုပေးရ ပါမယ်။
ဥပမာ Fဆိုရင်ဒီလိုရေးရပါတယ်။ f:\*.exe လို့ရိုက်ြrပီးSecurity Level မှာ Disallowedကိုရွေးပါ။
ဒါဆိုရင် Memory Thick မှာရှိတဲ့ Exe File တွေမ Run တော့ပါဘူး။ မယုံရင် Run ကြည့်ပေါ့။
ဒါပေမဲ့ သူ့ရဲ့ ဆင့်ပွား Folder ထဲက Exe File တွေကတော့ Run ပါသေးတယ်။
Virus တွေက Memory Stick ထဲမှာပဲ Hidden လုပ်ထားပြီး Run တာပါ။
ဆင့်ပွား Folder ထဲမှာ Run တယ်ဆိုတာ ရှားပါတယ်။ကျန်တဲ့ file extension တွေကိုလည်းလုပ်ရပါမယ်။
Right Click နိပ်ပြီး New Path Rule ကိုရွေးပါ။ f:\*.vbs လို့ရိုက်ပါ။ Security Level မှာ Disallowed Disallowed ကိုရွေးပေးပါ။
vb Script File တွေ Run လို့မရတော့ပါဘူး။ဒီနည်းအတိုင်းတခြား extension တွေကိုလည်းလုပ်ကြည့်ပါဦး။
Memory Stick မှာ Virus အများစုရဲ့ File တွေ Run လို့မရတဲ့ အတွက် Virus ကိုကာကွယ်ပြီးသားဖြစ်သွားပါပြီ။

မိမိကွန်ပျူတာမှာ မမြင်ရတဲ့ folder လေးတခုလုပ်နည်း

မိမိရဲ့  ကွန်ပျုတာထဲ မှာ အရေးကြီး တဲ့ သူ များတွေမသိစေလို တဲ့ အကြောင်းအရာတွေရှိမှာပေါ့
အဲ့ ဒီလို ကိုယ့်ရဲ့ လျှို့ ဝှက် ထားချင်တဲ့ Fileတွေ၊Folder တွေ ကို ဘယ်သူ မှမတွေ့ ရအောင် ဘယ်လိုလုပ်မလဲ
ဆိုတော့
အရင်ဆုံး Desktop ပေါ် မှာ right click > new folder ဖန်းတီမယ်။
new folder ကို rename လုပ်ပြီး Alt+0160 တွဲ၍နှိပ်ပေးလိုက်ပါ။
folder မှာ နာမည်လေး ပျောက်သွားပါလိမ့်မယ်။
ဒီအဆင့်ထိပြီးရင် Folder Icon ကို ပြောင်းရန်Right click >properties>customize>change Icon> မှာ လွတ်နေတဲ့နေရာလေးမှာ(ကွက်လပ်လေး)
double click လုပ်ပေးလိုက်ပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။
ဒါဆို မိမိကွန်ပျူတာမှာ မမြင်ရတဲ့ folder လေးတခုရရှိသွားပြီးဖြစ်တယ်။

ကွန်ပျူတာကို ပုံမှန် ကလေး လုပ်ပေးသင့်တဲ့အချက်များ

ကိုယ့် ကွန်ပျူတာကို မြန်အောင် လုပ်တဲ့ နေရာ မှာ software တွေ အကူ အညီနဲ့ မြန်အောင်လုပ်တာတွေ ရှိသလို regedit ပိုင်းတွေ ကနေပြီးတော့ ၀င်ပြင် လိုက် ပြီးတော့ မြန်အောင် လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်...အခု ကျွန်တော် ပြောမယ့် နည်းလမ်းကလေးကတော့ ကွန်ပျူတာမှာ ပါ တာ ကလေး တွေ ကိုပဲ သုံးပြီးတော့ လုပ်တာပါ .. ရိုးရိုးလေး တွေ ချည်းပါပဲ ... အဲဒီ့ အချက်တွေကို မှန်မှန် ကလေး သာလုပ်ပေးပါ... ကိုယ့် ရဲ့ကွန်ပျူတာ ကိုအဆင်ပြေပြေ သုံးရတာပေါ့ ..

၁။ disk cleanup ပြုလုပ်ခြင်း


disk space ကို ရှင်းရှင်းလင်းလင်း ကလေး ထားမယ်ဆိုရင် ကိုယ် ကွန်ပျူတာရဲ့ performance ကို မြှင့်တင်နှိုင်ပါတယ် ...ကိုယ့် ကွန်ပျူတာရဲ့ disk space ကို ရှင်းမယ်ဆိုရင်တော့
disk cleanup လုပ်ပြီးတော့ ရှင်းလင်းနိုင်ပါတယ် ...
ရိုးရိုးတမ်းတမ်း ကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk cleanup ဆိုပြီးတော့ သွားနိုင်ပါတယ် .. အဲဒီ့လို disk cleanup လုပ်
ရင် ကိုယ် ဖျက်ခင်တဲ့  file ကလေးတွေ ကို ဖျက်ခိုင်းဖို့ အတွက် သူက choose ခိုင်းပါတယ် ... ဘာတွေ ကို ကိုယ့် အနေနဲ့ ဖျက်ချင်သလဲ ..ဘာတွေက ကိုယ် အတွက် အရေး မကြီးဘူးလဲ ဆို
တာကလေးကို ရွေး ရမှာပါ .... ကျွန်တော့်  အနေနဲ့ ကတော့

temporary Internet files.
downloaded program files
Empty the Recycle Bin
Windows temporary files


အဲဒီ့ အပေါ် ကနေရာကလေး တွေကို check ပေးပြီးတော့ ဖျက်လိုက်ပါ ။။
**internet temporary file တွေကတော့ ကိုယ့် သွားခဲ့ တဲ့ webpage (browser cache ) တွေကိုမှတ်ထားတဲ့ အတွက်ကြောင့် ပိုပြီးတော့ များနိုင်ပါတယ် ....


၂။ data တွေကို မြန်မြန် ကလေး သုံးနိုင်အောင်

ဒါကတော့ Disk fragment ကို လုပ်တာပါ ..Disk fragment လုပ်ခြင်းဖြင့်လည်း ကိုယ့် ရဲ့ ကွန်ပျူတာကို performance ကို မြှင့်တင်နိုင်ပါတယ် .... Disk fragment လုပ်ထားမယ်ဆိုရင်ကွန်ပျူတာရဲ့ response လုပ်တဲ့ အချိန်တွေကို မြန်စေမှာပါ...ရိုးရိုးတမ်းတမ်းကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk defragmenter ဆိုပြီးတော့ လုပ်နိုငပါတယ် ...အဲဒါကလေးကို ဖွင့်ပြီးသွားပြီဆိုရင်တော့ အရင်ဆုံး ကိုယ်လုပ်မယ့် disk ကို analyze လုပ်လိုက်ပါ.. ပြီးရင်တော့ fragment လုပ်လိုက်ပါ .. ရပါပြီ.. ဒါပေမယ့် window က ပါတဲ့ defragment လုပ်တာတွေ က ကြာတော့ကြာပါတယ် ... disk derag ကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့ အတွက် သူ့ အတွက် သီးသန့် ဆိုပြီးတော့ လုပ်ထားတဲ့ software တွေလည်းရှိပါတယ်... အဲဒါကလေးတွေကို သုံးပြီးတော့ လုပ်ရင် လည်းရပါတယ် .. defrag လုပ်ပြီးလို့ ကိုယ် က သူ ဘယ် file တွေကို စီလိုက်သလဲ ဆိုတာကို ကြည့်ချင်တယ်ဆိုရင် View Report ကို ကြည်နိုင်ပါတယ် ခင်ဗျာ .....


၃။ Disk Error များကို ရှာဖွေခြင်းး ပြု ပြင်ခြင်း


အပေါ်မှာ ပြခဲ့တဲ့ disk cleanup နဲ့ disk defrag လုပ်တာတွေကို ကွန်ပျူတာရဲ့ performance ကို optimize လုပ်ပေးတာလေးပါ။..အခု ကတော့ ကိုယ် အနေနဲ့ စက်ထဲမှာ ဖြစ် ပေါ်လာတဲ disk error တွေကို စစ်ဆေး
ပြီးတော့ ဖြေရှင်းတာပါ.. ကိုယ် ရဲက ကွန်ပျူတာမှာ ဆိုရင် Hard drive မှာ bad sectors တွေ ဖြစ်ပေါ်လာနိုင်ပါတယ် ... Bat sector တွေ များလာရင် ကိုယ့် ကွန် ပျူတာကို အနည်းနဲ့ အများ လေး စေ ပါတယ် ...နောက်ပိုင်းမှာ ကိုယ့်ရဲ့ Hard drive မှာ Bad sector တွေက များလာပြီဆိုရင်တော့ Hard drive ရဲ့ ကျန်းမာရေး ကို ထိခိုင်လာနိုင်ပြီးတော့ Hard drive မှာ မီးအကြာကြီးလင်းနေတာတွေ ဘာတွေဖြစ်လာ .. နောက်ပိုင်းဆို ပိုပို ဆိုးလာပါတယ် ... အဲဒါကြောင့် ကိုယ့် အနေနဲ့ စစ်ဆေး ပြီးတော့ bad sector တွေများလာတာတွေကို ဖြေရှင်း ခိုင်း ထားတာ ပို ကောင်းမှာပါ ... အဲဒါကို ဘယ် လို စစ်မလဲ .. Error Checking utility ဆိုတာကို လုပ်ထားပြီးတော့ စစ် ဆေး နိုင်ပါတယ် ... အဲဒီမှာ ကိုယ့်အနေနဲ့ ဘယ် လို စစ်မလဲ .. ဘယ် drive ကို စစ်မလဲ ဆိုတာကို ရွေးချယ်ပေးရပါ့မယ် ... တနေ့ကို တစ်ရက် ကို တစ်ခါဆိုရင်တော့ နဲနဲ အလုပ်ရှုပ်နိုင်ပါတယ် .. ကွန်ပျူတာ စဖွင့်ဖွင့်ခြင်း ကို အပြာရောင် screen နဲ့ စစ်နေမယ် နဲနဲတော့ကြာတာပေါ့။။ စောင့်နေရမယ် .. အဲဒီ့တော့ တစ်ပါတ် တစ်ခါလောက်ဆိုရင်တော့ သင့် တော်မယ်ထင်ပါတယ် ...ကဲ ဒါဆို Error Checking ကို ဘယ်လို ဖွင့်မလဲ.. အရင် ဆုံးဖွင့်ထားတာတွေ အားလုံးကို ပိတ်လိုက်ပါ.. ကွန်ပျူ တာပါဘူးနော် :D ... program တွေကို ပြောတာပါ... ဖွင့်ပြီးပြီဆိုရင်တော့ .

My computer ကို ဖွင့်လိုက်ပါ။
ပြီးရင်တော့ ကိုယ် စစ်ချင်တဲ့ drive ကို Right click ထောက်လိုက်ပါ..
ပြီးရင် properties ကို သွားလိုက်ပါ .. သွားပြီးပြီ ရောက်ပြီဆိုရင်တော့ ...
အဲဒီ့မယ် အဲဒီ့ drive ရဲ့ properties dialog box ကလေး ပေါ်လာပါ့မယ်။။
ပြီးရင် Tool tab ကို သွားလိုက်ပါ ..
အဲဒီ့ ကို သွားလိုက်ပြီဆိုတာနဲ့ Error checking ဆိုတာကို တွေ့မှာပါ..တွေ့ ရင် Check Now ဆိုတာကလေးကို ပေးလိုက်ပါ...
အဲဒီ့ အခါ ကျရင် dialog box ကလေး နောက်တစ်ခု ပေါ်လာပါ့မယ် ..ပြီးရင်တော့
အဲဒါလေးထဲက Scan for and attempt recovery of bad sectors ဆိုတာကလေးကို Check ပေးလိုက်ပါ .. ပြီးရင်တော့ start ကို ပေးလိုက်ပါ ..
ပေးလိုက်ရင် သူ့ဘာသာ သူ စစ်ပါလိမ့်မယ် .. စစ်ပြီးရင် Bat sectors တွေ့ပြီဆိုရင် တော့ Fix ပေးလိုက်ပေါ့ ..
.Automatically fix file system errors ဆိုတာကို တော့ ကိုယ့် ရဲ့ကွန်ပျူတာ ထဲမှာ Bad sectors တွေများနေတယ်ထင်ရင် ပေးထားလိုက်ပါ .. သူဘာသာ စစ်ပြီးတော့ ဖြေရှင်းပေးပါလိမ့်မယ် ။။။

၎ ။ အမှိုက် ရှင်းလင်း ခြင်း

အခု နည်းက တော့ ကွန်ပျူ တာမှ အမှိုက် တွေ ဖြစ်နိုင်တဲ့ နေ ရာ တွေ ကို သွားပြီးတော့ ရှင်းတာပါ ...
အဲဒါ ကလေးတွေ ရှင်းခြင်းအားဖြင့်လည်း ကွန်ပျူတာကို အနည်း ငယ် သွက် လက် စေပါတယ် .. အောက်က နေရာကလေးတွေကို သွားရှင်းလိုက်ပါ ခင်ဗျာ..

ပထမဆုံး start => run ကို သွားလိုက်ပါ ..

ပြီးရင် prefetch ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

ပြီးရင် start => run = > recent ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

ပြီးရင် start => run = > %temp% ( %tmp% ) ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

ပိုပြီးတော့ဖျက်ချင်သေးတယ်ဆို
ဒီမှာဖျက်နည်းတွေပါ။တင်ပြီးသားမိုလို့ပြန်မရေးတော့ဘူးနော်။သွားကြည့်လိုက်ပါနော်။

အခု အပေါ် က နည်း ကလေးတွေ ကို ပုံမှန် ကလေး ကွန်ပျူတာမှာ ပြုလုပ်ပေးသင့်ပါတယ် .. ဒါမှ ကွန်ပျူ တာအနေ နဲ့ ရှင်းရှင်းလင်းလင်း နဲ့ သွက် သွက် လက်လက်ကလေး ဖြစ်ပြီးတော့ သုံးရတာ အဆင် ပြေ တာပေါ့ .. အဆင်ပြေပါစေဗျာ ... အဆင် မပြေတာကလေးတွေ ရှိရင်လည်း မန့် ခဲ့ နိုင်ပါတယ် ...

ကွန်ပျုတာကို မြန်စေမဲ့ နည်းလမ်း(၆) မျိုး

ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီးပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကိုနည်းနည်း ပေါ့ပေါ့လေးဖြစ်သွားအောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်းလမ်း(၆)ခုပါ။ သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိထင်ပါတယ်နော်။
       ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။ အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
၆။eventvwr ရိုက်  ပေါ်လာတဲ့ထဲက Application ကို Click ပြီးရင် clear all events ကို Click,နောက်ပြီး System ကို Click
   ပြီးရင် clear all event ကို Click ပါ။
         အဲ့လိုမျိုး ဖျက်ပြီးရင် Recycle Bin ထဲသွားပြီး(Ctrl+A)နှိပ်ပြီး (Shift+Delete) နဲ့ဖျက်ပစ်လိုက်ပါ။
         အဲ့လိုမျိုးလေး လုပ်ပြီးရင် ကွန်ပျူတာ သုံးရတာ အရင်ကထက် ပိုပြီးပေါ့သွားပါလိမ့်မယ် ခင်ဗျာ။

ကွန်ပြူတာ desktop မှာမြင်နေတာကို software မသုံပဲ ဓါတ်ပုံရိုက်ကြမယ်

အားလုံးသိပြီး သုံးတတ်ပြီးဖြစ်မှာပါ .. ။ အသုံးမပြုဘူးသေးတဲ့ သူတွေအတွက် အောက်မှာ ရေးပေးပါ့မယ် . ။ capture ရိုက်တယ် ဆိုတာက ကွန်ပျူတာ screen မှာ မိမိမြင်နေရသမျှကို ဓါတ်ပုံအဖြစ်ရိုက်ယူတာပါ ... ။ တစ်ခါတစ်လေ Download လည်းမပေး Save as picture လည်းလုပ်မရတဲ့ ပုံတွေကို ဒါနဲ့ ရိုက်ယူလို့ရပါတယ် .. အားလုံးသိပြီးသားပါ ။ မိမိရိုက်ချင်တဲ့ window ကိုဖွင့် ကီးဘုတ်က “ Print Screen ” ဆိုတဲ့ ကီးလေးကို နိုပ်လိုက်ပါ။ ပြီးရင် Run မှာ Pbrush လို့ ရေးထည့်လိုက်ပါ .. ။Run box ကိုမရှာတတ်ရင် window key နဲ့ r နဲ့ တွဲနှိပ်လိုက်ပါ  paint ပေါ်လာပါမယ် .. ။ Ctrl+V နဲ့ paste ချလိုက်ပါတယ် .. ။ ပြီးရင်တော့ save as နဲ့ လိုချင်တဲ့ type နဲ့ save ပေါ့ .. R-Click လုပ်ရင်ပေါ်တဲ့ pop-up menu လေးတွေကို ဒီနည်းနဲ့ပဲ ရိုက်လို့ ရပါတယ် .. ။လျှင်လျှင်မြန်မြန်နဲ့ လွယ်လွယ်ကူကူ လုပ်နိုင်တဲ့နည်းလမ်းလေးပေါ့ဗျာ သိပြီးသားတွေ ဖတ်ပေးလို့ ကျေးဇူးပါ .... အကောင်းဆုံးကတော့ Softwares သုံးတာပိုကောင်းတာပေါ့ အခု ကျွန်တော်ရေးရတာက Softwares မရှိတဲ့ သူတွေအတွက်ပါ။










No comments:

Post a Comment